49
မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော
အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို
ကိရိယာအပေါ်တွင် မထားရပါ။
ကိရိယာ၏ စီရီယယ် ဆက်သွယ်မှု သည်
အမှားပြင်ရန်အတွက်သာ အသုံးပြုသည်။
ပူနေသော မျက်နှာပြင်
သတိပြုရန်- ပူသော အစိတ်အပိုင်းများ
ကိုင်တွယ်စဉ် လက်ချောင်းများ
အပူလောင်စေနိုင်သည်။
ဤကပ်ခွာသည် ပူနိုင်သော ပစ္စည်းကို
သတ်မှတ်ပြထားပြီး သတိမထားပဲ မကိုင်တွယ်ရပါ။
အစိတ်အပိုင်းများကို ကိုင်တွယ်ခြင်းမပြုမီ ခလုတ်ကို ပိတ်ပြီး
နာရီဝက် စောင့်ပါ။
ဤစတစ်ကာပါသည့် ကိရိယာကို ဝင်ရောက်မှု
ကန့်သတ်ထားသော နေရာတွင် ထားရှိရပါမည်။
ကန့်သတ်နေရာဟု သတ်မှတ်ထားရခြင်း
အကြောင်းရင်းများအကြောင်း ညွှန်ကြားချက် ရထားသော နှင့်
သတိထားရမည့် ကြိုတင်ကာကွယ်မှုများအကြောင်း
ညွှန်ကြားခံထားရသည့် ဝန်ဆောင်မှုပေးသူများ သို့မဟုတ်
အသုံးပြုသူများကသာ ထိုနေရာသို့ ဝင်ရောက်နိုင်ပါသည်။
တပ်ဆင်ခြင်း
ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ
တပ်ဆင်ပါ။
ထိခိုက်ဒဏ်ရာ ရရှိမှုမှ ကာကွယ်ရန် ဤကိရိယာကို တပ်ဆင်ခြင်း
ညွှန်ကြားချက်များနှင့်အညီ မျက်နှာကြက်/နံရံတွင် ခိုင်မြဲစွာ
တပ်ဆင်ထားရမည်။
ကိရိယာနှင့် အပိုပစ္စည်းများ တပ်ဆင်ရန် နေရာလုံလောက်မှု ရှိမရှိ
စစ်ဆေးပါ။
နံရံသည် ကိရိယာနှင့် စက်အထိုင်အလေးချိန်၏ အနည်းဆုံး 8
ဆကို ခံနိုင်လောက်သည်အထိ တောင့်တင်းနေရမည်။
ကိရိယာအား ဝါယာချိတ်ဆက်စဉ်၊ တပ်ဆင်စဉ် သို့မဟုတ်
ပြန်ဖြုတ်နေစဉ်တွင် ပါဝါသေချာဖြုတ်ထားပါ။
သယ်ယူပို့ဆောင်ရေး
ကိရိယာကို သယ်ယူပို့ဆောင်ရာတွင် မူလ သို့မဟုတ် အလားတူ
ထုပ်ပိုးမှုအတိုင်း ထားပါ။
ထုတ်ကုန်ပစ္စည်းကို လွတ်မကျပါစေနှင့် သို့မဟုတ် တုန်ခါ၍
ဒဏ်ဖြစ်သွားခြင်း မဖြစ်စေပါ နှင့်။
ပါဝါ ပေးသွင်းမှု
ပါဝါ ရင်းမြစ်သည် ကန့်သတ်ထားသော ပါဝါ အရင်းအမြစ်
သို့မဟုတ် IEC 60950-1 သို့မဟုတ် IEC 62368-1
စံချိန်စံညွှန်းနှင့် အညီ PS2 လိုအပ်ချက်များကို ပြည့်မှီရမည်။
စံချိန်စံညွှန်းမီ ပါဝါအဝင်အားအတွက် ကိရိယာအညွှန်းကို ဖတ်ရှုပါ။
သင်၏ ပါဝါအဝင်အားသည် သင့်ကိရိယာနှင့် ကိုက်ညီကြောင်း
သေချာပါစေ။
အရည်အချင်းပြည့်မီသော ထုတ်လုပ်သူများက ပံ့ပိုးပေးသည့်
ပါဝါအဒက်တာကို အသုံးပြုပါ။ ပါဝါအဒက်တာတွင် ဝန်ပို သုံးစွဲလျှင်
အပူလွန်ကဲခြင်း သို့မဟုတ် မီးဘေးအန္တရာယ် ဖြစ်နိုင်သဖြင့်
ကိရိယာတစ်ခုစီအတွက် ပါဝါအဒက်တာတစ်ခုစီသာ အသုံးပြုရန်
အကြံပြုထားပါသည်။
စနစ် လုံခြုံရေး
သင့်အနေဖြင့် ဤကိရိယာနှင့် ပတ်သက်သည့် စကားဝှက်များနှင့်
အခြားလုံခြုံရေး ဆက်တင်များကို
ထိန်းသိမ်းသတ်မှတ်ရမည်ဖြစ်ပြီး အသုံးပြုသူအမည်နှင့်
စကားဝှက်တို့ကို မှတ်သားထားရန် တာဝန်ရှိသည်ကို
နားလည်ရန်လိုပါသည်။
ပြုပြင်ထိန်းသိမ်းခြင်
ကိရိယာ သေချာအလုပ်မလုပ်ပါက အရောင်းဆိုင် သို့မဟုတ်
အနီးဆုံး ကြံ့ခိုင်မှုစစ်ဆေးရေး စင်တာသို့ ဆက်သွယ်ပါ။
ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း သို့မဟုတ်
ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ဖြစ်ပွါးရသည့်
မည်သည့်ပြဿနာအတွက်မဆို လုံးဝတာဝန်ယူမည် မဟုတ်ပါ။.
အချို့သော ကိရိယာ အစိတ်အပိုင်းများ (ဥပမာ-
အီလက်ထရိုလိုက်တစ် စွမ်းရည်ထိန်း ပစ္စည်း) သည် ပုံမှန်
လဲလှယ်မှု လုပ်ရန် လိုအပ်သည်။ ပျမ်းမျှ သက်တမ်း ကွာခြားမှု
ရှိသဖြင့် စစ်ဆေးရန် အကြံပြုသည်။ အသေးစိတ်အတွက်
သင့်အား ပစ္စည်းရောင်းပေးသူအား ဆက်သွယ်ပါ။
သန့်ရှင်းခြင်း
ကျေးဇူးပြု၍ အတွင်းနှင့် အပြင်မျက်နှာပြင်များကို
နူးညံ့ခြောက်သွေ့သော အဝတ်ဖြင့်သာ သန့်ရှင်းရေးလုပ်ပါ။
အယ်ကာလိုင်း ဆပ်ပြာမှုန့်များ မသုံးပါနှင့်။
အသုံးပြုသည့် ပတ်ဝန်းကျင်
လေဆာ ကိရိယာ တစ်စုံတစ်ခုကို အသုံးပြုနေပါက ကိရိယာ၏
မှန်ဘီလူးများ လေဆာရောင်ခြည် မထိမိစေရန် သတိပြုပါ
သို့မဟုတ်ပါက လောင်ကျွမ်းသွားနိုင်သည်။
မှန်ဘီလူးများကို နေ သို့မဟုတ် တောက်ပသော
အလင်းရောင်ရှိရာသို့ မချိန်ပါနှင့်။
အပူစုဆောင်းမှုမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြုသည့်
ပတ်ဝန်းကျင် သင့်လျော်ကောင်းမွန်စေရန်
လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။
ကိရိယာကို ပူလွန်း၊ အေးလွန်းသော၊ ဖုန်ထူသော၊
လှိုက်စားနိုင်သော၊ ဆားပါသည့် အယ်ကာလီ သတ္တိလွန်ကဲသော
သို့မဟုတ် စိုထိုင်းသော ပတ်ဝန်းကျင်များနှင့် မထိတွေ့မိပါစေနှင့်။
အပြင်ဘက်သုံးစက်များအတွက် အလုပ်လုပ်ဆောင်သည့်
အပူချိန်သည် -30°C မှ 65°C (-22°F မှ 149°F) ဖြစ်ပြီး
အလုပ်လုပ်ဆောင်သည့် စိုထိုင်းဆသည် 90%.ထက်နည်းရမည်။
အပြင်ဘက်သုံးစက်များအတွက် အလုပ်လုပ်ဆောင်သည့်
အပူချိန်သည် -10°C မှ 50°C (-14°F မှ 122°F) ဖြစ်ပြီး
အလုပ်လုပ်ဆောင်သည့် စိုထိုင်းဆသည် 90%.ထက်နည်းရမည်။
စက်ကို လျှပ်စစ်သံလိုက်အားမြင့်သည့် ဓာတ်ရောင်ခြည်နှင့်
မထိတွေ့မိပါစေနှင့်။
ရောင်ပြန်
ကိရိယာ မှန်ဘီလူးနှင့် နီးကပ်လွန်းသော နေရာတွင်
အလင်းပြန်မျက်နှာပြင် မရှိပါစေနှင့်။ ကိရိယာမှလာသော
အလင်းသည် မှန်ဘီလူးဆီသို့ ရောင်ပြန်ဟပ်ကာ အလင်းပြန်ခြင်း
ဖြစ်စေနိုင်သည်။
200 မီလီမီတာ အကွာအဝေးရှိ အလင်းရောင်တန်းကို
အန္တရာယ်ရှိအုပ်စု 1 (RG1) အဖြစ် အမျိုးအစားသတ်မှတ်ပါသည်။
ဤထုတ်ကုန်ပစ္စည်းမှ ထုတ်လွှတ်သော ရောင်ခြည်သည်