အင်တာဖေ့စ် (စာမျက်နှာ 4)
① မင်မိုရီကဒ် အပေါက်
② ကွန်ရက် အင်တာဖေ့စ်
③ ပါဝါအထွက်
④ RS-485 အင်တာဖေ့စ်
⑤ ပါဝါ အင်တာဖေ့စ်
⑥ အသံ အင်တာဖေ့စ်
⑦ သတိပေးချက်အထွက်
⑧ သတိပေးချက်အဝင်
⑨ ပါဝါအဝင် (စစ်ဆေးရန်အတွက်)
©2023 Hangzhou Hikvision Digital Technology Co.,
Ltd. မူပိုင်ခွင့်ရယူထားသည်။
ဤလမ်းညွှန်အကြောင်း
ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့်
စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။
ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့်
အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊
ရှင်းပြရန်အတွက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ
အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊
အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ
ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။
ဤလမ်းညွှန်၏ နောက်ဆုံးရဗားရှင်းကို
(https://www.hikvision.com/) Hikvision
အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။
ယခုထုတ်ကုန်ပစ္စည်းအားကူညီထောက်မရာတွင်
လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏
လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ
ဤလမ်းညွှန်ကို အသုံးပြုပါ။
ကုန်ပစ္စည်း အမှတ်တံဆိပ်များ
နှင့် အခြား Hikvision ၏
ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည်
အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် Hikvision ၏
ပိုင်ဆိုင်မှုများ ဖြစ်သည်။
ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း
အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ၎င်းတို့၏
သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။
ငြင်းဆိုချက်
အကျုံးဝင်သည့် သက်ဆိုင်သောဥပဒေက
ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာဖြင့်
ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို
၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ
“ယင်းအတိုင်း” နှင့် “အမှားအယွင်းများအားလုံးနှင့်အတူ”
ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊
ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊
သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက်
ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင် မည်သည့်
အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍
ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား
အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူ ရမည်။
မည်သည့်အခြေအနေတွင်မဆို
စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊ အကျိုးပျက်စီး၍ဖြစ်စေ
(ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာ
ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား
အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း
အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက်
ဆုံးရှုံးမှု၊ စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ်
စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့်
ထိခိုက်မှုများ အပါအဝင် အထူးတလည်၊
အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက်
ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ်
ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု
အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည်
မဟုတ်ပါ။
အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး
ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင်
အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု
သို့မဟုတ် ဆိုင်ဘာ တိုက်ခိုက်မှုများ၊ ဟက်ကာ
တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား
အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ်
ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ်
HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။
သို့ရာတွင် HIKVISION သည် လိုအပ်ပါက
နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။
သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ
ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏
အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့်
ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။