မော်နီတာအား
မော်နီတာအားမော်နီတာအား
မော်နီတာအား
ရွေ့ပြောင်းခြင်းနှင့်
ရွေ့ပြောင်းခြင်းနှင့်ရွေ့ပြောင်းခြင်းနှင့်
ရွေ့ပြောင်းခြင်းနှင့်
မတင်ခြင်း
မတင်ခြင်းမတင်ခြင်း
မတင်ခြင်း
မော်နီတာအား မတင်ခြင်းနှင့် ရွေ့ပြောင်းခြင်းပြုလုပ်သည့်အခါ မော်နီတာအမျိုးအစားနှင့်
အရွယ်အစားများ ကွဲပြားစေကာမူ မော်နီတာအား ကုတ်ခြစ်ရာများဖြစ်ပေါ်ခြင်း သို့မဟုတ်
ထိခိုက်ပျက်စီးခြင်းမှ တားဆီးကာကွယ်ရန်နှင့် လုံခြုံစိတ်ချရမှုရှိရှိ သယ်ယူပို့ဆောင်ရန်အတွက်
အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ။
•
မော်နီတာကို မရွေ့ပြောင်းမီ မူလကြုပ်အတွင်း သို့မဟုတ် ထုပ်ပိုးရေးပစ္စည်းအတွင်းသို့ ထည့်ပါ။
•
မော်နီတာအား ရွေ့ပြောင်းခြင်းနှင့် မတင်ခြင်းမပြုလုပ်မီ ပါဝါကြိုးနှင့် ကေဘယ်ကြိုးများအားလုံးကို ဖြုတ်ပါ။
•
မော်နီတာဘောင်၏ အထက်ပိုင်းနှင့် အောက်ခြေပိုင်းကို မြဲမြံစွာ ကိုင်တွယ်ပါ။ ခုံတစ်ခုတည်းကိုသာ
ကိုင်တွယ်ခြင်းကို မပြုလုပ်ပါနှင့်။
•
မော်နီတာကို ကိုင်တွယ်သည့်အခါ စကရင်အား ထိခိုက်ပျက်စီးမှုမရှိစေရန် အခြားတစ်ဖက်သို့လှည့်၍
ကိုင်တွယ်ပါ။
•
တီဗီကို သယ်ယူပို့ဆောင်သည့်အခါ မော်နီတာအား ရုတ်တရက်လှုပ်ခါခြင်း သို့မဟုတ် အလွန်အကျွံ တုန်ခါစေခြင်းတို့ကို မဖြစ်ပေါ်ပါစေနှင့်။
•
မော်နီတာကို ရွေ့ပြောင်းရာတွင် ထောင်လျက်ထားရှိရမည်ဖြစ်ပြီး မော်နီတာ၏ ဘေးဘက်သို့ လှည့်ခြင်း သို့မဟုတ် စောင်းခြင်းကို မပြုလုပ်ပါနှင့်။