32
တပ်ဆင်ထားရမည်။ ကိရိယာကို မတည်ငြိမ်သော
နေရာများတွင် မည်သည့်အခါမျှ တပ်ဆင်ခြင်း
မပြုရပါ။ ဤကိရိယာ ပြုတ်ကျ၍ အနာတရ
ပြင်းထန်စွာဖြစ်စေ၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေ
အန္တရာယ် ဖြစ်စေနိုင်သည်။
ပါဝါ ပေးသွင်းမှု
Safety Extra-Low Voltage(SELV)
ဖြင့်ပါဝါပေးထားသည်- ပါဝါ ရင်းမြစ်သည်
ကန့်သတ်ထားသော ပါဝါ အရင်းအမြစ် သို့မဟုတ်
IEC 60950-1 သို့မဟုတ် IEC 62368-1
စံချိန်စံညွှန်းနှင့် အညီ PS2 လိုအပ်ချက်များကို
ပြည့်မှီရမည်။ စက်ကို AC ပင်မထောက်ပံ့ဗို့အားဖြင့်
ပါဝါပေးထားပါသည်- ဤကိရိယာကို
မြေချကြိုးတပ်ဆင်ထားသည့် မိန်းပလပ်ပေါက်နှင့်
ချိတ်ဆက်ထားရမည်။ သင့်လျော်သော အလွယ်တကူ
ရရှိနိုင်သည့် အဆက်အသွယ်
ဖြတ်တောက်နိုင်သည့်စက်ကို ကိရိယာ၏
အပြင်ဘက်တွင် တပ်ဆင်ရပါမည်။ သင့်လျော်သော
လျှစ်စစ်ပိုလျှံစီးမှု ကာကွယ်သည့်စက်ကို ကိရိယာ၏
အပြင်ဘက်တွင် တပ်ဆင်ရပါမည်၊
အဆောက်အအုံသတ်မှတ်ချက်ထက် မပိုရပါ။
အဆောက်အဦး၏ လျှပ်စစ်ဆက်သွယ်မှု
စနစ်အတွင်း၌ ငုတ်အားလုံးပါသော မိန်းခလုတ်
တစ်ခုကို တပ်ဆင်ထားရမည်။ AC မိန်းဓာတ်အားသို့
ချိတ်ဆက်သည့် ငုတ်များ ချိတ်ဆက်ပုံ မှန်ကန်စေရန်
လုပ်ဆောင်ပါ။ လိုအပ်ပါက IT ပါဝါဖြန့်ချိမှု
စနစ်တစ်ခုနှင့် ချိတ်ဆက်နိုင်ရန်အတွက်
ဤကိရိယာကို ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
အဖြူရောင် မီး ရောင်ပြန် (ပံ့ပိုးမှုရှိပါက)
ဤကုန်ပစ္စည်းမှ ဘေးအန္တရာယ် ရှိနိုင်သော
အလင်းဆိုင်ရာ ရောင်ခြည်များ ထုတ်လွှတ်သည်။
လုပ်ငန်းလုပ်ဆောင်နေသော မီးအရင်းအမြစ်ကို
စိုက်မကြည့်ပါနှင့်။ မျက်စိများကို ထိခိုက်နိုင်သည်။
သင့်တော်သော မျက်စိကာကွယ်မှုကို ဝတ်ဆင်ပါ
သို့မဟုတ် ပစ္စည်းများ စီထားခြင်း၊ တပ်ဆင်ခြင်း
သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်သည့်အခါ
အဖြူရောင်မီးကို ဖွင့်မထားပါနှင့်။
သယ်ယူပို့ဆောင်ရေး
ကိရိယာကို သယ်ယူပို့ဆောင်ရာတွင် မူလ သို့မဟုတ်
အလားတူ ထုပ်ပိုးမှုအတိုင်း ထားပါ။
စနစ် လုံခြုံရေး
တပ်ဆင်သူနှင့် သုံးစွဲသူတို့သည် စကားဝှက်များနှင့်
လုံခြုံရေး ကိန်းဂဏန်းများအတွက် တာဝန်ခံရမည်။
ပြုပြင်ထိန်းသိမ်ခြင်း
ကိရိယာ သေချာအလုပ်မလုပ်ပါက အရောင်းဆိုင်
သို့မဟုတ် အနီးဆုံး ကြံ့ခိုင်မှုစစ်ဆေးရေး စင်တာသို့
ဆက်သွယ်ပါ။ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း
သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့်
ဖြစ်ပွါးရသည့် မည်သည့်ပြဿနာအတွက်မဆို
လုံးဝတာဝန်ယူမည် မဟုတ်ပါ။. အချို့သော ကိရိယာ
အစိတ်အပိုင်းများ (ဥပမာ- အီလက်ထရိုလိုက်တစ်
စွမ်းရည်ထိန်း ပစ္စည်း) သည် ပုံမှန် လဲလှယ်မှု လုပ်ရန်
လိုအပ်သည်။ ပျမ်းမျှ သက်တမ်း ကွာခြားမှု ရှိသဖြင့်
စစ်ဆေးရန် အကြံပြုသည်။ အသေးစိတ်အတွက်
သင့်အား ပစ္စည်းရောင်းပေးသူအား ဆက်သွယ်ပါ။
သန့်ရှင်းခြင်း
ကုန်ပစ္စည်း အဖုံး၏ အတွင်းနှင့် အပြင်ကို
သန့်ရှင်းသည့်အခါတွင် ကျေးဇူးပြု၍
ပျော့ပျောင်းခြောက်သွေ့သော အဝတ်စကို
အသုံးပြုပါ။ အယ်ကာလိုင်း ဆပ်ပြာမှုန့်များ
မသုံးပါနှင့်။
အသုံးပြုသည့် ပတ်ဝန်းကျင်
လေဆာ ကိရိယာ တစ်စုံတစ်ခုကို အသုံးပြုနေပါက
ကိရိယာ၏ မှန်ဘီလူးများ လေဆာရောင်ခြည်
မထိမိစေရန် သတိပြုပါ သို့မဟုတ်ပါက
လောင်ကျွမ်းသွားနိုင်သည်။ ကိရိယာကို
လျှပ်စစ်သံလိုက် ရောင်ခြည် သို့မဟုတ် ဖုန်ထူသော
ပတ်ဝန်းကျင်များနှင့် မထိတွေ့စေပါနှင့်။
အဆောက်အဦးအတွင်းအတွက်သာ ကိရိယာများကို
ခြောက်သွေ့ပြီး လေ၀င်လေထွက်ကောင်းသော
ပတ်ဝန်းကျင်တွင် ထားရှိပါ။ မှန်ဘီလူးများကို နေ
သို့မဟုတ် တောက်ပသော အလင်းရောင်ရှိရာသို့
မချိန်ပါနှင့်။ အလွန် ပူခြင်း၊ အေးခြင်း၊ ဖုံထူခြင်း၊
သို့မဟုတ် စိုထိုင်းသော နေရာများ တွင် ကင်မရာကို
မထားပါနှင့် ထို့ပြင် လျှပ်စစ်သံလိုက်
ရောင်ခြည်မြင့်များနှင့် မထိတွေ့ပါ စေနှင့်။
အရေးပေါ်
ကိရိယာမှ မီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံများ