စက်ပစ္စည်းအားဆန့်ကျင်ဘက်တွင့်ထား၍ ကိုင်ပါ၊ စက်ပစ္စည်းအား
သင့်အရှေ့အိတ်ကပ်ထဲ မထည့်ပါနှင့်။
l စက်ပစ္စည်းနှင့် ဘတ်ထရီကို အလွန်အမင်း ပူခြင်းနှင့် နေရောင်ခြည်
တိုက်ရိုက်ကျရောက်ခြင်းမှ ကာကွယ်ပါ။ ၄င်းတို့ကို အပူထုတ်သည့်
စက်ပစ္စည်းများဖြစ်သည့် မိုက္ကရိုဝေ့ဗ်၊ မီးဖို သို့မဟုတ် လှိုင်းလွှင့်စက်များ
အပေါ်တွင်၊ အတွင်းတွင် ထားခြင်းမှ ရှောင်ပါ။
l စက်ပစ္စည်းအသုံးပြုနေစဉ် ဒေသတွင်းဥပဒေများနှင့် စည်းကမ်းများအား
လေ့လာပါ။ အန္တရာယ်ရှိမှုများနှင့် မတော်တဆဖြစ်မှုများကို လျှော့ချရန်
ကားမောင်းနေစဉ် ကြိုးမဲ့စက်ပစ္စည်းများကို အသုံးမပြုပါနှင့်။
l လေယာဉ်ပျံသန်းနေစဉ် သို့မဟုတ် လေယာဉ်ထွက်ခွာခါနီးတွင်
သင့်စက်ပစ္စည်းအား ညွှန်ကြားချက်များပေးထားသည့်အတိုင်းသာ အသုံးပြုပါ။
ကြိုးမဲ့စက်ပစ္စည်းကို လေယာဉ်အတွင်းအသုံးပြုခြင်းက ကြိုးမဲ့ကွန်ရက်များကို
နှောင့်ယှက်နိုင်ပြီး လေယာဉ်ထိန်းချုပ်မှုအား အန္တရာယ်ရှိစေနိုင်သည်၊
သို့မဟုတ် တရားမဝင်ဖြစ်သည်။
l သင့်စက်ပစ္စည်း၏ အစိတ်အပိုင်းများ သို့မဟုတ် အတွင်းပိုင်း
လျှပ်စီးလမ်းကြောင်းများကို ပျက်စီးခြင်းမှ ကာကွယ်ရန် ၄င်းကို ဖုန်ထူသော၊
မီးခိုးများသော၊ စိုထိုင်းသော၊ သို့မဟုတ် ညစ်ပတ်သော ပတ်ဝန်းကျင်များ၊
သို့မဟုတ် အနီးတဝိုက်တွင် သံလိုက်လှိုင်းများ ရှိနေပါက အသုံးမပြုသင့်ပါ။
l စက်ပစ္စည်းကို အားသွင်းနေစဉ် ပါဝါအဒက်ပ်တာကို စက်ပစ္စည်းအနီး
လွယ်ကူစွာတပ်ဆင်နိုင်သည့် မီးခလုတ်ခုံများတွင် ပလပ်ထိုးပါ။
l စက်ပစ္စည်းအား အသုံးမပြုစဉ်နှင့် လျှပ်စစ် တပ်သည့်နေရာများမှ
အားသွင်းကြိုးအား ဖြုတ်ထားပါ။
l မီးလောင်တတ်သော၊ သို့မဟုတ် ပေါက်ကွဲတတ်သော ပစ္စည်းများ
သိမ်းထားသည့်နေရာများ (ဥပမာ၊ ဓါတ်ဆီဆိုင်၊ ဆီတိုင်ကီ၊ သို့မဟုတ်
ဓါတုဗေဒ သိုလှောင်ရုံ) တို့အနီးတွင် စက်ပစ္စည်းကို အသုံးမပြုပါနှင့်၊
55