မသိမ်းထားပါနှင့်၊ သယ်ယူပို့ဆောင်ခြင်း မလုပ်ပါနှင့်။ သင့်စက်ပစ္စည်းကို
အဆိုပါ ပတ်ဝန်းကျင်များတွင် အသုံးပြခြင်းဖြင့် ပေါက်ကွဲမှု၊ သို့မဟုတ်
မီးလောင်မှုများ ဖြစ်ပေါ်စေနိုင်သည်။
l ဤစက်ပစ္စည်း၊ ဘတ်ထရီနှင့် ဆက်စပ်ပစ္စည်းများအား ဒေသဆိုင်ရာ
စည်းကမ်းများနှင့်အညီ စွန့်ပစ်ပါ။ ၄င်းတို့ကို
ပုံမှန်အိမ်သုံးအမှိုက်များဖြင့်အတူ မလွှင့်ပစ်ရပါ။ ပုံမှန်မဟုတ်သည့်
ဘတ်ထရီအသုံးပြုခြင်းက မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းနှင့်
အခြားအန္တရာယ်များကို ဖြစ်ပေါ်စေသည်။
l ဤစက်တွင် မူလ ထည့်သွင်း တပ်ဆင်ပေးထားသော ဘက်ထရီ ပါရှိပါသည်။
ဘက်ထရီကို သင့်ဘာသာ လဲလှယ်ရန် မကြိုးစားပါနှင့်။ သို့မဟုတ်ပါက
စက်က မှန်ကန်စွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်သည် သို့မဟုတ် ၎င်းက
ဘက်ထရီကို ပျက်စီးစေနိုင်သည်။ သင်၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်
သင့်စက် မှန်ကန်စွာ အလုပ်လုပ်ကြောင်း သေချာစေရန် အသစ်လဲလိုပါက
Huawei ၏ ခွင့်ပြုချက်ရ ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ရန် အခိုင်အမာ
အကြံပြုထားပါသည်။
စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးချခြင်း အချက်အလက်
သင့်ထုတ်ကုန်၊ ဘတ်ထရီ၊ စာရေးသားဖော်ပြမှု သို့မဟုတ် ထုတ်ပိုးမှုအပေါ်မှ
ကန့်လတ်ဖြတ် ဘီးတပ်ပုံးသင်္ကေတသည် အီလက်ထရွန်းနစ် ထုတ်ကုန်များနှင့်
ဘတ်ထရီများကို ၄င်းတို့သက်တမ်းကုန်ဆုံး၍ အမှိုက်စွန့်ပစ်ရာတွင် သီးခြားစီ
ထုတ်ပစ်ရန် သင့်အား သတိပေးထားခြင်းဖြစ်သည်။ ၄င်းတို့ကို
ပုံမှန်အိမ်သုံးအမှိုက်များနှင့် အတူမစွန့်ပစ်ရပါ။ သတ်မှတ်ထားသည့်
ဒေသတွင်းဥပဒေများအရ အီလက်ထရွန်းနစ် ပစ္စည်းများ (WEEE) နှင့်
56