EasyManua.ls Logo

Huawei nova Y90 - မြန်မာသင့်စက်အကြောင်းကို သိရှိပါစက်ကို အသုံးမပြုမီ ၎င်း၏ အခြေခံ လုပ်ဆောင်ချက်များအကြောင်း အကျွမ်းတဝင် သိရှိအောင် လုပ်ဆောင်ပါ။•သင့်စက်ကို ပါဝါဖွင့်ရန် မျက်နှာပြင် ပွင့်လာသည်အထိ ပါဝါခလုတ်ကို ဖိ၍ နှိပ်ထားပါ။•သင့်စက်ကို ပါဝါပိတ်ရန် ပါဝါခလုတ်ကို ဖိ၍ နှိပ်ထားပြီးနောက် ကို နှိပ်ပါ။•သင့်စက်ကို ပြန်လည်စတင်ရန် ပါဝါခလုတ်ကို ဖိ၍ နှိပ်ထားပြီးနောက် ကို နှိပ်ပါ။အသံတိုးကျယ် ခလုတ်ပါဝါခလုတ်; လက်ဗွေ အာရုံခံကိရိယာUSB Type-C ပေါ့(တ်)ကတ်အပေါက်နားကြပ်အပေါက် စတင်ဆောင်ရွက်ခြင်း•ကတ်ထုတ်သည့်ပင်ကို အသုံးပြုစဉ် သင့်စက်ကို မခြစ်မိစေရန် သို့မဟုတ် သင့်ကိုယ်သင် မထိခိုက်မိစေရန် သတိထားပါ။•မတော်တဆ မျိုချမိခြင်း သို့မဟုတ် ထိခိုက်မိခြင်းမှ တားဆီးရန် ကတ်ထုတ်သည့်ပင်ကို ကလေးများ လက်လှမ်းမမှီသည့် နေရာတွင် သိမ်းဆည်းပါ။•ဖြတ်ထားသော သို့မဟုတ် မွမ်းမံထားသော SIM ကတ်များကို အသိအမှတ် ပြု၍မရခြင်း ဖြစ်နိုင်သည့်အပြင် ယင်းက ကတ်ထည့်အံခွက် (အပေါက်) ကို ပျက်စီးစေနိုင်သည့်အတွက် ၎င်းတို့ကို အသုံးမပြုပါနှင့်။•သင့် SIM ကတ်က သင့်စက်နှင့် မကိုက်ညီလျှင် သင်၏ ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။သင့်စက်ကို စီစဉ်သတ်မှတ်ရန် အောက်ပါ ပုံများမှ ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ ထည့်ပေးထားသည့် ကတ်ထုတ်ပင်ကို အသုံးပြုပါ။ကတ်ကို မှန်ကန်စွာ ချိန်ညှိထည့်သွင်းထားပြီး ၎င်း၏ ထောင့်ဖြတ် ဖြတ်ရာကို ကတ်ထည့်အံခွက်ထဲ အရင်ဆုံး ထည့်သွင်းကြောင်း သေချာပါစေ။SIM ကတ် စီမံခန့်ခွဲမှုပုံသေ မိုဘိုင်းဒေတာသုံးမည့် ကတ်နှင့် ဖုန်းခေါ်မည့် ကတ်ကို လိုအပ်သလို ရွေးချယ်ပါ။•4 G ဝန်ဆောင်မှုသည် သင့် ကွန်ရက်ဆက်သွယ်ရေး ကယ်ရီယာ၏ ပံ့ပိုးပေးနိုင်မှုနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်မှုအပေါ် မူတည်ပါသည်။ 4 G ဝန်ဆောင်မှုကို အသက်သွင်းရန် သင့် ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။•ကွန်ရက် ကြားဖြတ်နှောင့်ယှက်မှုကြောင့် အချို့နေရာများတွင် 4 G ဝန်ဆောင်မှုကို မရနိုင်ပါ။•ဤလမ်းညွှန်သည် တရားဝင် ဝဘ်ဆိုက်ရှိ ဖော်ပြချက်နှင့် မကိုက်ညီပါက နောက်မှထွက်ရှိသည့် ဖော်ပြချက်ကို အတည်ယူရမည်။နောက်ထပ် အချက်အလက်များအတွက်သင့်စက်ကို အသုံးပြုစဉ် ပြဿနာများနှင့် ကြုံတွေ့ရပါက အောက်ပါရင်းမြစ်များမှ အကူအညီ ရယူနိုင်ပါသည်-•စက်အချက်အလက်များ၊ မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် အခြားအချက်အလက်များကို ကြည့်ရန် https:;;consumer.huawei.com;mm သို့ သွားရောက်ပါ။•သင့်နိုင်ငံ သို့မဟုတ် ဒေသအတွက် အပ်ဒိတ်အဖြစ်ဆုံး ဆက်သွယ်ရန် အချက်အလက်များအတွက် https:;;consumer.huawei.com;mm;support သို့ သွားရောက်ပါ။•သက်ဆိုင်ရာ အချက်အလက်များကို ကြည့်ရန် ဆက်တင် သို့ သွားရောက်ပြီး အောက်ပါ အဓိက စာလုံးများကို ရှာဖွေမှု အကွက်ထဲတွင် ရိုက်ထည့်ပါ။ ဥပမာ- ဥပဒေရေးရာ၊ လုံခြုံရေး သတင်းအချက်အလက်များ၊ စစ်မှန်ကြောင်း အတည်ပြုချက် အချက်အလက်၊ သက်သေခံလက်မှတ် အမှတ်တံဆိပ်များ။လုံခြုံရေး သတင်းအချက်အလက်သင့်စက်၏ ဘေးကင်းလုံခြုံမှုနှင့် ၎င်းသည် မှန်ကန်စွာ လုပ်ဆောင်နိုင်ကြောင်း သေချာစေရန်အပြင် သင့်စက်ကို နည်းလမ်းမှန်ကန်စွာ စွန့်ပစ်နည်းအား လေ့လာရန် စက်ကို အသုံးမပြုမီ ဘေးကင်းရေး အချက်အလက်အားလုံးကို ဂရုတစိုက် ဖတ်ရှုပေးပါ။လုပ်ဆောင်မှုနှင့် ဘေးကင်းရေး• ဖြစ်နိုင်ခြေရှိသည့် အကြားအာရုံပျက်စီးမှုကို ကာကွယ်ရန်အတွက် ကျယ်လောင်သော အသံပမာဏကို ကြာရှည်စွာ နားထောင်ခြင်းမပြုပါနှင့်။•ခွင့်မပြုထားသော သို့မဟုတ် ကိုက်ညီမှုမရှိသည့် ပါဝါ အဒက်ပ်တာ၊ အားသွင်း ကိရိယာ သို့မဟုတ် ဘက်ထရီတို့အား အသုံးပြုခြင်းက သင့်စက်ပစ္စည်းအား ပျက်စီးခြင်း၊ သက်တမ်းတိုစေခြင်း၊ သို့မဟုတ် မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းနှင့် အခြားသော အန္တရာယ်များကိုလည်း ဖြစ်ပေါ်စေသည်။•သတ်မှတ်အကြံပြုထားသည့်အပူချိန်များမှာ 0°C မှ 35°C အကြားဖြစ်သည်။ သတ်မှတ်အကြံပြုထားသည့် သိုလှောင်မှုအပူချိန်မှာ -20°C မှ +45°C အကြားဖြစ်သည်။•နှလုံးတွင်တပ်သည့်စက် ထုတ်လုပ်သူများက နှလုံးတွင်တပ်သည့်စက်ကို အနှောင့်အယှက် မဖြစ်စေရန် စက်ပစ္စည်းနှင့် နှလုံးတွင်တပ်သည့်စက်အကြား အနည်းဆုံး 15 စင်တီမီတာခွာထားရန် အကြံပြုထားသည်။ အကယ်၍ နှလုံးတွင်တပ်သည့်စက်အားအသုံးပြုထားပါက စက်ပစ္စည်းအားဆန့်ကျင်ဘက်တွင်ထား၍ ကိုင်ပါ၊ စက်ပစ္စည်းအား သင့်အရှေ့အိတ်ကပ်ထဲ မထည့်ပါနှင့်။•စက်ပစ္စည်းနှင့် ဘက်ထရီကို အလွန်အမင်း ပူခြင်းနှင့် နေရောင်ခြည် တိုက်ရိုက်ကျရောက်ခြင်းမှ ကာကွယ်ပါ။ ၎င်းတို့ကို အပူထုတ်သည့် စက်ပစ္စည်းများဖြစ်သည့် မိုက္ကရိုဝေ့ဗ်၊ မီးဖို သို့မဟုတ် ထုတ်လွှင့်စက်များ အပေါ်တွင်၊ အတွင်းတွင် ထားခြင်းမှ ရှောင်ပါ။•စက်ပစ္စည်းအသုံးပြုနေစဉ် ဒေသတွင်းဥပဒေများနှင့် စည်းကမ်းများအား လေ့လာပါ။ မတော်တဆမှုများဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချရန် ကားမောင်းနေစဉ် ကြိုးမဲ့စက်ပစ္စည်းများကို အသုံးမပြုပါနှင့်။•လေယာဉ်ပျံသန်းနေစဉ် သို့မဟုတ် လေယာဉ်ထွက်ခွာခါနီးတွင် သင့်စက်ပစ္စည်းအား ညွှန်ကြားချက်များပေးထားသည့်အတိုင်းသာ အသုံးပြုပါ။ ကြိုးမဲ့စက်ပစ္စည်းကို လေယာဉ်အတွင်းအသုံးပြုခြင်းက ကြိုးမဲ့ကွန်ရက်များကို နှောင့်ယှက်နိုင်ပြီး လေယာဉ်မောင်းနှင်မှုအား အန္တရာယ်ရှိစေနိုင်သည်၊ သို့မဟုတ် တရားမဝင်ဖြစ်သည်။•ထိုစက်ပစ္စည်း သို့မဟုတ် အားသွင်း ကိရိယာ၏ အတွင်းပိုင်း လျှပ်စီးပတ်လမ်းကို မထိခိုက်စေရန် ထိုစက်ကို ဖုန်ထူသော၊ စိုစွတ်သော သို့မဟုတ် ညစ်ပေသော နေရာ သို့မဟုတ် သံလိုက်စက်ကွင်းအနီးတွင် အသုံးမပြုပါနှင့်။•စက်ပစ္စည်းကို အားသွင်းနေစဉ် ပါဝါအဒက်ပ်တာကို စက်ပစ္စည်းအနီး လွယ်ကူစွာတပ်ဆင်နိုင်သည့်မီးခလုတ်ခုံတစ်ခုတွင် ပလတ်ထိုးပါ။•အသုံးမပြုသည့်အခါ အားသွင်း ကိရိယာကို လျှပ်စစ်မီးပလတ်ပေါက်များနှင့် စက်မှ ဖြုတ်ထားပါ။•မီးလောင်တတ်သော သို့မဟုတ် ပေါက်ကွဲတတ်သော ပစ္စည်းများ သိမ်းထားသည့်နေရာများ (ဥပမာ၊ ဓါတ်ဆီဆိုင်၊ ဆီတိုင်ကီ၊ သို့မဟုတ် ဓါတုဗေဒ သိုလှောင်ရုံ) တို့အနီးတွင် စက်ပစ္စည်းကို အသုံးမပြုပါနှင့်၊ မသိမ်းထားပါနှင့်၊ သယ်ယူပို့ဆောင်ခြင်း မလုပ်ပါနှင့်။ သင့်စက်ပစ္စည်းကို အဆိုပါ ပတ်ဝန်းကျင်များတွင် အသုံးပြုခြင်းဖြင့် ပေါက်ကွဲမှု၊ သို့မဟုတ် မီးလောင်မှုများ ဖြစ်ပေါ်စေနိုင်သည်။•ဘက်ထရီကို မီးမှ ဝေးရာတွင် ထားပြီး ဖြုတ်ချင်း၊ ပြင်ခြင်း၊ ပစ်ခြင်း သို့မဟုတ် ညှစ်ခြင်း မပြုပါနှင့်။ ဘက်ထရီတွင်း ပြင်ပ ပစ္စည်းများကို ထည့်ခြင်း၊ ရေ သို့မဟုတ် အခြား အရည်များထဲသို့ နှစ်ခြင်း သို့မဟုတ် ပြင်ပအား သို့မဟုတ် ဖိအားသို့ ထိစေခြင်း မပြုပါနှင့်။ ဤသို့ပြုလုပ်ပါက ဘက်ထရီ ယိုစိမ့်ခြင်း၊ အပူချိန်တက်ခြင်း၊ မီးစွဲခြင်း သို့မဟုတ် ပေါက်ကွဲခြင်း ဖြစ်နိုင်ပါသည်။•ဤစက်ပစ္စည်း၊ ဘက်ထရီနှင့် ဆက်စပ်ပစ္စည်းများအား ဒေသဆိုင်ရာ စည်းကမ်းများနှင့်အညီ စွန့်ပစ်ပါ။ ၎င်းတို့ကို ပုံမှန်အိမ်သုံးအမှိုက်များဖြင့်အတူ မလွှင့်ပစ်ရပါ။ ပုံမှန်မဟုတ်သည့် ဘက်ထရီအသုံးပြုခြင်းက မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းနှင့် အခြားအန္တရာယ်များကို ဖြစ်ပေါ်စေသည်။•ဤစက်တွင် မူလ ထည့်သွင်း တပ်ဆင်ပေးထားသော ဘက်ထရီ ပါရှိပါသည်။ ဘက်ထရီကို သင့်ဘာသာ လဲလှယ်ရန် မကြိုးစားပါနှင့်။ သို့မဟုတ်ပါက စက်က မှန်ကန်စွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်သည် သို့မဟုတ် ၎င်းက ဘက်ထရီကို ပျက်စီးစေနိုင်သည်။ သင်၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် သင့်စက် မှန်ကန်စွာ အလုပ်လုပ်ကြောင်း သေချာစေရန် အသစ်လဲလိုပါက Huawei ၏ ခွင့်ပြုချက်ရ ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ရန် အခိုင်အမာ အကြံပြုထားပါသည်။•ပါဝါ အဒက်(ပ်)တာသည် IEC;EN 62368-1 ၏ နောက်ဆက်တွဲ Q သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် ၎င်းကို နိုင်ငံတွင်း သို့မဟုတ် ဒေသတွင်း စံချိန်စံညွှန်းများအရ စစ်ဆေးအတည်ပြုပြီးဖြစ်ကြောင်း သေချာပါစေ။စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်းဆိုင်ရာ အချက်အလက်များထုတ်ကုန်၊ ဘက်ထရီ၊ ​ကြော်ငြာစာစောင် သို့မဟုတ် ပါကင်ဘူးပေါ်ရှိ သင်္ကေတသည် ထုတ်ကုန်များနှင့် ဘက်ထရီများကို သက်တမ်းကုန်ဆုံးသွားချိန်တွင် ဒေသတွင်း အာဏာပိုင်များက သတ်မှတ်ပေးထားသည့် စွန့်ပစ်ပစ္စည်း စုစည်းသိမ်းယူရာ သီးခြားနေရာများသို့ သွားရောက်စွန့်ပစ်သင့်သည်ဟု ဆိုလိုပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အဖိုးတန်သော ပစ္စည်းများကို ထိန်းသိမ်းကာကွယ်ပြီး လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ကာကွယ်သည့်အနေဖြင့် EEE စွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။နောက်ထပ်အချက်အလက်များအတွက် သင့်ဒေသအာဏာပိုင်များ၊ အရောင်းဆိုင် သို့မဟုတ် အိမ်တွင်းအမှိုက်စွန့်ပစ်ဌာနထံ ဆက်သွယ်ပါ သို့မဟုတ် https:;;consumer.huawei.com;en; ဝဘ်ဆိုက်သို့ ဝင်ကြည့်ပါ။အန္တရာယ်ရှိသော ပစ္စည်းများကို လျှော့ချခြင်းဤစက်ပစ္စည်းနှင့် ၎င်း၏ ဆက်စပ်လျှပ်စစ်ပစ္စည်းများသည် အန္တရာယ်ရှိသည့် အရာဝတ္ထုများ ကန့်သတ်မှုဆိုင်ရာ ညွှန်ကြားချက် (RoHS) နှင့် ဘက်ထရီဆိုင်ရာ ညွှန်ကြားချက် (ဘက်ထရီများ ပါဝင်လျှင်) အစရှိသော လျှပ်စစ်နှင့် အီလက်ထရောနစ် စက်ပစ္စည်းများတွင် အချို့သော အန္တရာယ်ရှိသည့် အရာဝတ္ထုများ အသုံးပြုမှုကို တားမြစ်သည့် ဒေသတွင်း သက်ဆိုင်ရာ စည်းကမ်းများနှင့် ကိုက်ညီပါသည်။RF ထိတွေ့မှုဆိုင်ရာ အချက်အလက်စက်ကို အကန့်အသတ်ဖြင့် သုံးစွဲခြင်းဖြင့် သို့မဟုတ် လက်ဖြင့်ကိုင်စရာမလိုသော ကိရိယာတစ်ခုကို သုံး၍ စက်ကို ခန္ဓာကိုယ်၊ ခေါင်းတို့နှင့် ဝေးရာတွင် ထားခြင်းဖြင့် ဓာတ်ရောင်ခြည် ထိတွေ့မှုကို လျှော့ချနိုင်သည်ဟု World Health Organization က ဖော်ပြထားသည်။စက်ကာဗာအိမ်နှင့် စက်ထည့်ရန် အိတ်ကဲ့သို့ စက်အပိုပစ္စည်းများတွင် သတ္တုအစိတ်အပိုင်းများ မပါဝင်ကြောင်း သေချာပါစေ။ အကွာအဝေး သတ်မှတ်ချက်နှင့် ကိုက်ညီစေရန် စက်ကို သင့် ခန္ဓာကိုယ်နှင့် ဝေးရာတွင် ထားပါ။တစ်ရှူး 10 ဂရမ်အပေါ်တွင် SAR ကန့်သတ်ချက် 2.0 W;kg သတ်မှတ်ထားရှိသော နိုင်ငံများအတွက်။စက်ကို သင်၏ နားအနီး သိုမဟုတ် သင့်ခန္ဓာကိုယ်မှ 0.50 စင်တီမီတာ အကွာအဝေးတွင် ထား၍ အသုံးပြုသည့်အခါ RF သတ်မှတ်ချက်များကို လိုက်နာထားပါသည်။ အမြင့်ဆုံး အစီရင်ခံထားသည့် SAR ပမာဏ- ဦးခေါင်းအတွက် SAR- 0.99 W;kg၊ ခန္ဓာကိုယ်အတွက် SAR- 1.10 W;kg။EU ကျင့်သုံးမှု ကိုက်ညီမှုရှိစေခြင်းHuawei Device Co., Ltd. က ဤစက်ပစ္စည်း CTR-LX2 သည် ရေဒီယို စက်ပစ္စည်းဆိုင်ရာ ညွှန်ကြားချက် 2014;53;EU (RED) နှင့် ကိုက်ညီမှုရှိကြောင်း ဤနေရာတွင် ကြေညာပါသည်။နောက်ထပ် အသေးစိတ်များ သိလိုပါက ကျေးဇူးပြု၍ https:;;consumer.huawei.com;certification ရှိ EU ကိုက်ညီမှု ကြေညာချက်ကို ရည်ညွှန်းပါ။ဥပဒေဆိုင်ရာ အသိပေးချက်ကုန်အမှတ်တံဆိပ်နှင့် ခွင့်ပြုချက်များLTE သည် ETSI ၏ကုန်အမှတ်တံဆိပ်ဖြစ်သည်။Bluetooth စာလုံးအမှတ်အသားနှင့် လိုဂိုတို့သည် Bluetooth SIG, Inc. က ပိုင်ဆိုင်ပြီး မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များ ဖြစ်ပြီး အဆိုပါ အမှတ်အသားများကို Huawei Technologies Co., Ltd. က လိုင်စင်ဖြင့် အသုံးပြုခြင်း ဖြစ်ပါသည်။ Huawei Device Co., Ltd. သည် Huawei Technologies Co., Ltd. နှင့် ပေါင်းစည်းထားခြင်းဖြစ်သည်။Wi-Fi၊ Wi-Fi CERTIFIED လိုဂိုနှင့် Wi-Fi လိုဂိုတို့သည် Wi-Fi Alliance ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်ပါသည်။မူပိုင်ခွင့် © Huawei 2022။ လုပ်ပိုင်ခွင့်အားလုံးကို ရယူထားပြီး ဖြစ်သည်။ဤလမ်းညွှန်အတွင်းရှိ စက်အရောင်၊ အရွယ်အစားနှင့် ပြသမှုအကြောင်းအရာများအပါအဝင် ပုံများနှင့် ရုပ်ပုံထည့်သွင်းဖော်ပြခြင်းများအားလုံးသည် သင် ကိုးကားရန်အတွက်သာ ဖြစ်သည်။ စက်သည် လက်တွေ့တွင် ကွဲပြားမှု ရှိနိုင်ပါသည်။ ဤလမ်းညွှန်တွင် ပါရှိသော မည်သည့်အရာကမျှ အာမခံမှုတစ်ခုကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ညွှန်းဆိုဖော်ပြခြင်း မဟုတ်ပါ။သီးသန့်မူဝါဒသင်၏ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ကာကွယ်ပေးထားပုံကို ပိုမိုသဘောပေါက်နားလည်စေရန် သီးသန့်မူဝါဒကို https:;;consumer.huawei.com;privacy-policy တွင် ကြည့်ပါ။; သင့်စက်အကြောင်းကို သိရှိပါ; စက်ကို အသုံးမပြုမီ ၎င်း၏ အခြေခံ လုပ်ဆောင်ချက်များအကြောင်း အကျွမ်းတဝင် သိရှိအောင် လုပ်ဆောင်ပါ။; •သင့်စက်ကို ပါဝါဖွင့်ရန် မျက်နှာပြင် ပွင့်လာသည်အထိ ပါဝါခလုတ်ကို ဖိ၍ နှိပ်ထားပါ။•သင့်စက်ကို ပါဝါပိတ်ရန် ပါဝါခလုတ်ကို ဖိ၍ နှိပ်ထားပြီးနောက် ကို နှိပ်ပါ။•သင့်စက်ကို ပြန်လည်စတင်ရန် ပါဝါခလုတ်ကို ဖိ၍ နှိပ်ထားပြီးနောက် ကို နှိပ်ပါ။

Huawei nova Y90
49 pages
To Next Page IconTo Next Page
To Next Page IconTo Next Page
To Previous Page IconTo Previous Page
To Previous Page IconTo Previous Page
Loading...

 
    
  
   
  
    
 
   
  
 
/ 

USB Type-C () 

39

Table of Contents

Related product manuals