EasyManua.ls Logo

Huawei AMN-LX2

Huawei AMN-LX2
68 pages
To Next Page IconTo Next Page
To Next Page IconTo Next Page
To Previous Page IconTo Previous Page
To Previous Page IconTo Previous Page
Loading...
နှစ်ကတ်ထည့် နှစ်ကတ်အရန်သင့်
တစ်လိုင်းသုံး (SIM
နှစ်ကတ်သုံးစက်များသာ)
သင့်စက်သည် နှစ်ကတ်ထည့် နှစ်ကတ်အရန်သင့်
တစ်လိုင်းသုံးကိုသာ ပံ့ပိုးပေးပါသည်။ ဆိုလိုသည်မှာ
ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဒေတာ ဝန်ဆောင်မှုများအတွက် SIM
နှစ်ကတ်လုံးကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ပါ။
l သင်သည် SIM ကတ် 1 ဖြင့် ဖုန်းပြောနေလျှင် ဖုန်းခေါ်ရန်
သို့မဟုတ် ဖုန်းပြန်လည်ဖြေကြားရန် SIM ကတ် 2 ကို
အသုံးမပြုနိုင်ပါ။ တစ်ယောက်ယောက်က SIM ကတ် 2 ကို
ခေါ်လျှင် ဖုန်းခေါ်သူသည် "သင်ဖုန်းခေါ်ဆိုနေသည့်သူသည်
ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသည်" သို့မဟုတ်
"သင်ဖုန်းခေါ်ဆိုနေသည့်သူထံ လောလောဆယ် ဖုန်းခေါ်၍
မရသေးပါ။ နောက်မှ ထပ်မံကြိုးစားပါ" နှင့် အဓိပ္ပါယ်ဆင်တူသော
အသံမက်ဆေ့ခ်ျကို ကြားရပါမည်။ အမှန်တကယ် ကြားရသည့်
မက်ဆေ့ခ်ျသည် ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီအလိုက် ကွဲပြားမှု
ရှိနိုင်ပါသည်။
l သင်သည် SIM ကတ် 1 ၏ ဒေတာ ဝန်ဆောင်မှုကို
အသုံးပြုနေသည့်အခါ SIM ကတ် 2 ၏ ဒေတာ ဝန်ဆောင်မှုကို
ပိတ်ထားပါမည်။
သင့်စက်၏ တစ်လိုင်းသုံးလုပ်ဆောင်ချက်က ပါဝါ သုံးစွဲမှုကို
ကူညီလျှော့ချပေးပြီး သင့်စက်၏ အရန်သင့်ရှိချိန်ကို
တိုးမြှင့်ပေးပါသည်။ ၎င်းသည် သင့်ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီ၏
ကွန်ရက်အခြေအနေများနှင့် မသက်ဆိုင်ပါ။
l လွဲသွားသော ဖုန်းခေါ်ဆိုမှုများကို ရှောင်ကြဉ်ရန် စက်ရှိ SIM
များအကြား ခေါ်ဆိုမှု လိုင်းလွှဲခြင်းကို ဖွင့်နိုင်ပါသည်။
55

Table of Contents

Related product manuals