EasyManua.ls Logo

HIKVISION DS-7108NI-Q1

HIKVISION DS-7108NI-Q1
46 pages
To Next Page IconTo Next Page
To Next Page IconTo Next Page
To Previous Page IconTo Previous Page
To Previous Page IconTo Previous Page
Loading...
43
ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်း၊ သို့မဟုတ် စက်ပစ္စည်းသုံး
ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။
ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည်
သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။
ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ်
မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။
သုံးစွဲပြီး ဘက်ထရီများကို ညွှန်ကြားထားသည့်အတိုင်း စွန့်ပစ်ပါ
ကိုယ်ထည် အစိတ်အပိုင်းများကို ပန်ကာရွက်နှင့် မော်တာများမှ ဝေးဝေးတွင် ရှိပါစေ။ ကြံ့ခိုင်မှုစစ်ဆေး
ပြင်ဆင်ချိန်တွင် ပါဝါရင်းမြစ်ကို ဖြုတ်ထားပါ။
ကာကွယ်မှုနှင့် သတိပြုရန် အကြံပေးချက်များ
သင့်ကိရိယာကို မချိတ်ဆက်မီနှင့် အသုံးမပြုမီ ကျေးဇူးပြု၍ အောက်ပါ အကြုံပြုချက်များကို လက်ခံပါ။
ကိရိယာကို အဆောက်အဦတွင်း အသုံးပြုရန်အတွက်သာ ဒီဇိုင်း လုပ်ထားသည်။ ယင်းကို အရည်များ မရှိသော
ဖုန်ကင်းစင်သည့် လေဝင်လေထွက် ကောင်းသော နေရာတွင် တပ်ဆင်ပါ။
ရီကော်ဒါ စင်တစ်ခုခုတွင် အသေအချာ ခိုင်မြဲစွာ တပ်ဆင်ထားပါ။ အောက်သို့ပြုတ်ကျခြင်းကြောင့် ဖြစ်သော
ကြီးမားသည့် ရိုက်ခတ်မှု၊ သို့မဟုတ် တုန်လှုပ်မှုများသည် ရီကော်ဒါအတွင်းရှိ ထိရှလွယ်သော အီလက်ထရွန်နစ်
အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။
ကိရိယာကို ရေစက်ကျခြင်းများ သို့မဟုတ် ရေဖြန်းပက်ခြင်းများနှင့် မထိတွေ့စေရဘဲ ပန်းအိုးကဲ့သို့သော
အရည်ဖြည့်ထားသော မည်သည့်အရာကိုမျှ ပစ္စည်းပေါ်တွင် မတင်ရပါ။
မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို
ကိရိယာအပေါ်တွင် မထားရပါ။
လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊
စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ
သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို
မပိတ်စေရပါ။
အချို့သော မော်ဒယ်များအတွက် မိန်း AC ပါဝါ နှင့် ဆက်သွယ်ရန်အတွက် တာမီနယ်များတွင် ဝါယာကြိုး တပ်ဆင်မှု
မှန်ကန်အောင် သတိပြုပါ။
အချို့သော မော်ဒယ်များအတွက် ကိရိယာကို လိုအပ်ပါက IT ပါဝါ ဖြန့်ဝေမှု စနစ်နှင့် ဆက်သွယ်ရန်အတွက်
ပြင်ဆင်ထားရှိအောင် ဒီဇိုင်း လုပ်ထားသည်။
သုံးစွဲသူ လက်စွဲတွင် သို့မဟုတ် သုံးစွဲသူ လမ်းညွှန်ချက်များ တွင် ဖော်ပြထားသော ပါဝါ ရင်းမြစ်များကိုသာ
အသုံးပြုပါ။
မြင့်မားသည့် အပူချိန်အောက် (45 °C (113 °F) မှ 55 °C (131 °F))တွင် လုပ်ဆောင်ပါက၊ အချို့သော
ပါဝါအဒက်ပတာ၏ ပါဝါထောက်ပံ့မှုသည် လျော့နည်းသွားလိမ့်မည်။
စတင်ခြင်း
NVR/DVR ၏ သက်တမ်း ရှည်ကြာစေရန် မှန်ကန်သောစတင်မှုလုပ်ရန် အရေးကြီးသည်။
အဆင့် လျှပ်စစ်မီးခေါင်းတွင် ပါဝါခေါင်းကို တပ်ဆင်ပါ။
အဆင့် ပါဝါ ခလုတ်ကို နှိပ်ပါ။ (အချို့သော မော်ဒယ်များတွင် ပါဝါ ခလုတ်သည် အရှေသို့မဟုတ် အနောက်
မျက်နှာပြင်တွင် ရှိသည်)။ ကိရိယာသည် စတင်လိမ့်မည်။

Related product manuals