EasyManua.ls Logo

HIKVISION 5 Series

HIKVISION 5 Series
112 pages
To Next Page IconTo Next Page
To Next Page IconTo Next Page
To Previous Page IconTo Previous Page
To Previous Page IconTo Previous Page
Loading...
85
ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်း ရောင်းချသူထံ ပြန်ပေးပါ
သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။
ပိုမိုသိရှိလိုပါက www.recyclethis.info တွင်ကြည့်ပါ။.
ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက
သတိပေးချက်များ
ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ
ကိရိယာကို ဒေသဆိုင်ရာ ဥပဒေများ၊ လျှပ်စစ်ပစ္စည်း
ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ နှင့် မီးဘေး
ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲရမည်။
လျှပ်စစ်အန္တရာယ် ဘေးကင်းရေး
သတိပြုရန်- မီးလောင်ကျွမ်းမှု အန္တရာယ်ကို လျော့ချရန်အတွက်
အမျိုးအစားနှင့် အဆင့်အတန်း တူညီသည့် ဖျူ့စ်ဖြင့်သာ
လဲလှယ်ပေးရမည်။
ဤကိရိယာကို ပြန်စခြင်းအန္တရာယ်မှကင်းဝေးစေရန် UPS
နှင့်အတူ တပ်ဆင်အသုံးပြုရမည်။
ဘက်ထရီ
ဘက်ထရီကို မြိုချခြင်း မပြုပါနှင့်။
ဓာတုလောင်ကျွမ်းမှု အန္တရာယ်
ဖြစ်နိုင်သည်။
ဤကိရိယာတွင် ငွေအကြွေစေ့/ကြယ်သီးပုံ
ဆဲလ်ဘက်ထရီတစ်လုံး ပါရှိသည်။ ငွေအကြွေစေ့/ကြယ်သီးပုံ
ဆဲလ်ဘက်ထရီကို မြိုချမိပါက အချိန် နာရီအတွင်း
ပြင်းထန်သော ခန္ဓာကိုယ်တွင်း ဓာတုလောင်ကျွမ်းမှုများ
ဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ဘက်ထရီ အသစ်များ၊ သုံးပြီးသားများကို ကလေးများနှင့်
ဝေးရာတွင် ထားပါ။
ဘက်ထရီအခန်း သေချာမပိတ်ပါက ထိုကိရိယာကို ဆက်မသုံးဘဲ
ကလေးများနှင့် ဝေးရာတွင် ထားပါ။
ဘက်ထရီကို မြိုချမိသည် သို့မဟုတ် ခန္ဓာကိုယ်တွင်း
နေရာတစ်နေရာသို့ ဝင်သွားသည်ဟု ထင်ပါက ဆေးကုသမှု
ချက်ချင်းခံယူပါ။
သတိပြုရန်- မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့်
လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။
ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့်
အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့်
အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစားများတွင်)
ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့
သို့မဟုတ် မီးဖိုအတွင်၊ သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊
သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။
ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့်
ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ်
မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ
ထွက်လာနိုင်သည်။
ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း
မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့်
အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။
အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။
တပ်ဆင်ခြင်း
ကိရိယာကို မတည်ငြိမ်သော နေရာများတွင် မည်သည့်အခါမျှ
တပ်ဆင်ခြင်း မပြုရပါ။ ဤကိရိယာ ပြုတ်ကျ၍ အနာတရ
ပြင်းထန်စွာဖြစ်စေ၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေ အန္တရာယ်
ဖြစ်စေနိုင်သည်။
သတိပြုရန
မီးဘေး ကာကွယ်တားဆီးရေး
မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော
အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို
ကိရိယာအပေါ်တွင် မထားရပါ။
ကိရိယာ၏ စီရီယယ် ဆက်သွယ်မှု သည်
အမှားပြင်ရန်အတွက်သာ အသုံးပြုသည်။
အားသွင်းကိရိယာဝန်ပိုခြင်းသည် အပူလွန်ကဲခြင်းကိုဖြစ်စေနိုင်ပြီး
မီးဘေးအန္တရာယ်ဖြစ်စေနိုင်သောကြောင့်
ပါဝါအားသွင်းကိရိယာတစ်ခုကို စက်ပစ္စည်းများစွာဖြင့်
မချိတ်ဆက်ပါနှင့်။
ပူနေသော မျက်နှာပြင
သတိပြုရန်- ပူသော အစိတ်အပိုင်းများ ကိုင်တွယ်စဉ်
လက်ချောင်းများ အပူလောင်စေနိုင်သည်။
ဤကပ်ခွာသည် ပူနိုင်သော ပစ္စည်းကို သတ်မှတ်ပြထားပြီး
သတိမထားပဲ မကိုင်တွယ်ရပါ။ အစိတ်အပိုင်းများကို
ကိုင်တွယ်ခြင်းမပြုမီ ခလုတ်ကို ပိတ်ပြီး နာရီဝက် စောင့်ပါ
ဤစတစ်ကာပါသည့် ကိရိယာကို ဝင်ရောက်မှု
ကန့်သတ်ထားသော နေရာတွင် ထားရှိရပါမည်။
ကန့်သတ်နေရာဟု သတ်မှတ်ထားရခြင်း
အကြောင်းရင်းများအကြောင်း ညွှန်ကြားချက် ရထားသော နှင့်
သတိထားရမည့် ကြိုတင်ကာကွယ်မှုများအကြောင်း
ညွှန်ကြားခံထားရသည့် ဝန်ဆောင်မှုပေးသူများ သို့မဟုတ်
အသုံးပြုသူများကသာ ထိုနေရာသို့ ဝင်ရောက်နိုင်ပါသည်။
တပ်ဆင်ခြင်း
ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ
တပ်ဆင်ပါ။
ကိရိယာအား ဝါယာချိတ်ဆက်စဉ်၊ တပ်ဆင်စဉ် သို့မဟုတ်
ပြန်ဖြုတ်နေစဉ်တွင် ပါဝါသေချာဖြုတ်ထားပါ။
ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ရန် ဤကိရိယာကို တပ်ဆင်မှု
လမ်းညွှန်ချက်များနှင့် အညီ မျက်နှာကျက်တွင် မြဲမြံစွာ
တပ်ဆင်ထားရမည်။
သယ်ယူပို့ဆောင်ရေး
ကိရိယာကို သယ်ယူပို့ဆောင်ရာတွင် မူလ သို့မဟုတ် အလားတူ
ထုပ်ပိုးမှုအတိုင်း ထားပါ။
ထုတ်ကုန်ပစ္စည်းကို လွတ်မကျပါစေနှင့် သို့မဟုတ် တုန်ခါ၍
ဒဏ်ဖြစ်သွားခြင်း မဖြစ်စေပါ နှင့်။
ပါဝါ ပေသွင်းမှု
စံချိန်စံညွှန်းမီ ပါဝါအဝင်အားအတွက် ကိရိယာအညွှန်းကို
ဖတ်ရှုပါ။ သင်၏ ပါဝါအဝင်အားသည် သင့်ကိရိယာနှင့်
ကိုက်ညီကြောင်း သေချာပါစေ။
ပြုပြင်ထိန်းသိမ်းခြင
ကိရိယာ သေချာအလုပ်မလုပ်ပါက အရောင်းဆိုင် သို့မဟုတ်
အနီးဆုံး ကြံ့ခိုင်မှုစစ်ဆေးရေး စင်တာသို့ ဆက်သွယ်ပါ။
ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း သို့မဟုတ်

Table of Contents

Related product manuals